Team Liquid ရဲ့ VALORANT အတွက် လူစာရင်းအသစ်

0
409

esports ၏ နာမည်အကြီးဆုံးတစ်ခုဖြစ်သည့် Team Liquid သည် VALORANT VCT 2023 အတွက် လူစာရင်းအသစ် ကို ကြေညာခဲ့ပါတယ်။ အဆိုပါစာရင်းတွင် ထည့်သွင်းထားသော စူပါစတားကစားသမား သုံးဦးမှာ VALORANT လောကရဲ့ အကြောက်ရဆုံး Gambit Esports duo ဖြစ်တဲ့  Ayaz “nAts” Akhmetshin နှင့် Igor “Redgar” Vlasov တို့နှင့်၊ Saif “Sayf “Guild Esports စနိုက်ပါဟောင်း Jibraeel တို့ပဲဖြစ်ပါတယ်။

ထိုကစားသမားတစ်ဦးစီတိုင်းသည် အတွေ့အကြုံနှင့် အရည်အချင်းများစွာရှိကြပြီး ၎င်းတို့သည် ဤ 2023 အတွက် VALORANT ပြိုင်ပွဲများကို သက်ရောက်မှုရှိမှာ အသေချာပါပဲ။ သူတို့ကို  အသင်းထဲကိုပေါင်းထည့်လိုက်တဲ့အတွက် အသင်းက ယခင်ကထက်ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်။

2023 ခုနှစ်တွင် အကြီးမားဆုံး VCT VALORANT ပြိုင်ပွဲအတွက် ဤကစားသမားများကို စောင့်ကြည့်ထားသင့်ပါတယ် !

Ayaz “nAts” Akhmetshin

Ayaz “nAts” Akhmetshin သည် Counter-Strike: Global Offensive ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ရုရှားကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ သူသည် ကစားသမား များကြားထဲတွင် ထူးခြားကောင်းမွန်ပြီး VCT Stage 2 Masters Berlin ကိုအနိုင်ရပြီး VALORANT Champions 2021 တွင် ဒုတိယနေရာရရှိခဲ့ပါတယ်။ Team Liquid သို့ဝင်‌ရောက်လာခြင်းဟာ သူ့ရဲ့ အကြီးမားဆုံး အိပ်မက်တွေထဲက တစ်ခုဖြစ်ပါတယ်။ လာမယ့် 2023 မှာကျင်းပမယ့် VALORANT ပြိုင်ပွဲတွေမှာ သူဘယ်လိုဆော့ပြနိုင်မလဲဆိုတာ စောင့်ကြည့်ကြရအောင်။.

Igor “Redgar” Vlasov

Igor “Redgar” Vlasov သည် “nAts” ရဲ့အကောင်းဆုံး duo အဖြစ်ကစားနိုင်ခဲ့သောရုရှား Esports ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူက Gambit Esports 2021 ကို ဆွတ်ခူးခဲ့ပြီး VALORANT Champions 2021 တွင် ဒုတိယနေရာ ရရှိခဲ့ပါတယ်။ Redgar သည် ယခုအခါတွင် ယခင် Team Liquid လူစာရင်းတွင် ချို့တဲ့နေတဲ့ အရေးကြီးဆုံး role ‌များထဲမှ တစ်ခုကို တာဝန်ယူကစားသွားမှာဖြစ်ပါတယ် : အကောင်းဆုံး Intel နှင့် ဂိမ်းအတွင်း shot calls များကိုလုပ်ဆောင်သွားရန်အတွက်ဖြစ်ပါတယ် !

Saif “Sayf” Jibraeel

Saif “Sayf” Jibraeel သည် စွယ်စုံရ ဆွီဒင် esports ကစားသမားတစ်ဦးဖြစ်ပါတယ်။ Masters Copenhagen တွင် K/D နှင့် Average Combat Score အရ ဦးဆောင်သူစာရင်းတွင် ဒုတိယနေရာရရှိခဲ့ပါတယ်။ သူသည် ၎င်း၏ sniping skills တွေကြောင့် လူသိများပြီး role တိုင်းတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။

Team Liquid VALORANT လူစာရင်းအသစ်

  • Elias “Jamppi” Olkkonen
  • Dom “soulcas” Sulcas
  • Ayaz “nAts” Akhmetshin
  • Igor “Redgar” Vlasov
  • Saif “Sayf” Jibraeel

Jamppi နှင့် Soulcas တို့သည် အသင်းသားများအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး ဤစာရင်းသစ်တွင် ပါဝင်ရန် စိတ်လှုပ်ရှားလျက်ရှိပါတယ်။ Soulcas ၏ အဆိုအရ၊ ထိုစာရင်းသည် ယနေ့အထိ အကွဲပြားဆုံးနှင့် အပေါင်းစပ်ဆုံးသော Liquid VALORANT စာရင်းတစ်ခု ဖြစ်ပြီး Jamppi သည်လည်း အသင်းဖော်ကောင်းများပါဝင်တဲ့အတွက် ဤအသင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားတိုင်းမှ စိတ်လှုပ်ရှားနေပြီး ဤစာရင်းအသစ်သည် 2023 ၏အကြီးမားဆုံး VALORANT Tournaments များတွင်ဇယားများကိုမည်ကဲ့သို့ပြောင်းလဲမည်ကိုကြည့်ရှုရန်မစောင့်နိုင်လောက်တောပါဘူး !

Riot Games သည် leagues အသစ်များ၊ နိုင်ငံတကာပွဲစဉ် များနှင့် ပါတနာများပါရှိသော VCT အသစ်ကို ကြေငြာထားပြီး Team Liquid သည် စိုးမိုးနိုင်ဖို့ မျှော်လင့်ချက်အကောင်းဆုံးအသင်းများထဲမှတစ်ခုဖြစ်ပါတယ်။ ဤစာရင်းအသစ်အတွက် သင့်အတွေးအမြင်များကို ကျွန်ုပ်တို့ထံ မျှဝေလိုက်ပါ!

BUY APP & GAME CREDITS ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here