2023 ခုနှစ်တွင် စောင့်မျှော်သင့်သည့် Steam အရောင်းရက်စွဲများ

0
371

Steam Sale 2023

2023 သို့ ကျရောက်လာပြီဖြစ်ပြီး ကျွန်ုပ်တို့၏ wallets များသည် မကြာသေးမီက ပြီးဆုံးခဲ့သော Steam ဆောင်းရာသီရောင်းချမှုမှ ပြန်လည် recover နိုင်ခြင်းမရှိသေးပါ။ ၎င်းထံမှ ကောင်းမွန်တဲ့ စျေးနှုန်းအချို့ကို သင်ရရှိလိုက်မှာ သေချာပါတယ်! ဒါပေမယ့် အခြားစောင့်မျှော်စရာတွေ အများကြီးရှိပါသေးတယ်။ တကယ်တော့၊ သင့်အနေနဲ့ ဤ လာမည့် 2023 တွင်းရှိ  အရောင်းရက်အနည်းငယ်အတွက် သင့်ပိုက်ဆံအိတ်များကို ပြင်ဆင်နေသင့်ပါတယ်။ 

လာမည့်နေ့များတွင် အရောင်းရက်အချို့ရှိနိုင်သော်လည်း၊ သင်၏ Steam library မှာ ဤနှစ်တွင် ကြီးမားတဲ့သောအကျိုးအမြတ်တွေရနိုင်မှာဖြစ်ကြောင်းဖြစ်ကြောင်း ကျွန်ုပ်တို့သေချာသိပါတယ်! Steam အရောင်းရက်တွေမှာ အမိအရ ဝယ်ခြင်းသည် ကျွန်ုပ်တို့ နှင့် ဂိမ်မာများအတွက် နှစ်ပတ်လည် အစဉ်အလာတစ်ခုလိုဖြစ်နေပြီး ထို့ကြောင့်၊ မနှစ်ကရက်စွဲများစာရင်းကဲ့သို့၊ သင်သေချာပေါက် မျှော်လင့်ထားသင့်သော လာမည့် Steam အရောင်းအချို့ကို ကျွန်ုပ်တို့ ပေးဆောင်ပါမည်။.

လာမည့် 2023 ခုနှစ်အတွက် Steam အရောင်းရက်စွဲများ

Steam Sale သည် ဂိမ်းကစားသူများအတွက် တစ်နှစ်တာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အရောင်းပွဲအချို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အကျော်ကြားဆုံးဂိမ်းများကို အကောင်းဆုံးလျှော့စျေးများရရှိရန် အခွင့်အရေးဖြစ်တာကြောင့်ဖြစ်ပါတယ်။ ဂိမ်းကစားသူများသည် ၎င်းတို့၏ နှစ်သက်ရာ titles များအတွက် ငွေစုနိုင်ရုံသာမက ၎င်းတို့သည် ယခင်က စမ်းသုံးခွင့်မရခဲ့သော စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းအသစ်များကို စမ်းသုံးရန် အခွင့်အရေးလည်း ရှိပါတယ်။ ယခုနှစ်တွင် လာမည့် အရောင်းရက်စွဲအချို့ကို ကျွန်ုပ်တို့တွင် စာရင်းပြုစုထားပါသည်။ ယခု၊ ဤရက်စွဲများကို အတည်တကျကြီး မသတ်မှတ်ထားဘဲ အချိန်မရွေး ပြောင်းလဲနိုင်သေးကြောင်း သတိရပါ။

ထို့ကြောင့် နောက်ထပ်သဲသဲကွဲကွဲမရှိသေးတဲ့၊  အောက်ပါတို့မှာ လာမည့် 2023 အတွက် သင်သိထားရမည့် steam အရောင်းရက်စွဲများ ဖြစ်ပါတယ်! သင့်ပြက္ခဒိန်များတွင် မှတ်သားထားပါ၊ သင့်နှိုးစက်များပေးထားကာ ငွေသေချာစုဖို့အတွက် ပြင်ဆင်ပါ။

Steam Base Builder Fest: ဇန်နဝါရီလ 23 – 30, 2023

Base Builder Fest Official Image Steam

ခိုင်မာသော base-building အစိတ်အပိုင်းတစ်ခုပါရှိသော simulation  သို့မဟုတ် management ဂိမ်းများကို သင်နှစ်သက်ပါသလား? ဒါဆိုရင် ဒီအရောင်းက သင့်အတွက်ပါပဲ! 2023 ခုနှစ်တွင် Steam ၏ပထမဆုံးအရောင်းပွဲသည် base-building ပါ၀င်သည့်ဂိမ်းများကိုဗဟိုပြုထားသောကြောင့် ထိုအမျိုးအစားအတွင်းရှိအကောင်းဆုံးဂိမ်းအချို့အတွက်အဓိကလျှော့စျေးများကိုသင်မျှော်လင့်နိုင်ပါတယ်။ ဂိမ်းဆော့ဖ်ဝဲရေးဆွဲသူများသည် သူတို့ရဲ့ လာမည့်ဂိမ်းများ၏ နမူနာများကို တင်ပြနိုင်သည့် ပွဲတော်များတွင်လည်း ပါဝင်ရန် ဖိတ်ကြားခံထားရပါတယ်။

Steam Mystery Fest: ဖေဖော်ဝါရီလ 20 – 27, 2023

Base Builder Fest Official Image Steam

Mystery ဂိမ်းကောင်းများ ကိုနှစ်သက်ပြီး စိတ်လှုပ်ရှားစရာကောင်းသော စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ရတာကို မနှစ်သက်တဲ့သူရှိဦးမလား? 2023 ခုနှစ် Steam ၏ ဒုတိယမြောက်အရောင်းပွဲသည် mystery ဂိမ်းများနှင့် ၎င်းတို့၏ကစားသမားများကိုအာရုံစိုက်ထားပါတယ်။ အရောင်းကာလအတွင်၊ အံ့အားသင့်ဖွယ် လျှော့စျေးများဖြင့် အကောင်းဆုံး mystery ဂိမ်းအချို့ကို ရှာတွေ့ဖို့ မျှော်လင့်နိုင်ပါတယ်။ သင့်တွင် ကြည့်ရှုစစ်ဆေးသင့်သည်ဟု ထင်ထားသော indie ‌title ဂိမ်းအချို့ရှိပါက၊ ဒီအချိန်ကတော့ အကောင်းဆုံးအချိန်ပါပဲ!

Steam Next Fest: ဖေဖော်ဝါရီလ 6 – ဖေဖော်ဝါရီလ 13, 2023

Base Builder Fest Official Image Steam

ဗီဒီယိုဂိမ်းစက်မှု industry ရဲ့ အကောင်းဆုံးအရာကတော့ စောင့်မျှော်စရာ အသစ်အဆန်းတွေ အမြဲရှိနေတာပါပဲ။ လာမယ့် ဂိမ်းအသစ်များ အတွက်စိတ်အားထက်သန်မှုဖြင့်၊ Steam သည် လာမည့် 2023 ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းတို့၏ Next Fest ကို ထပ်မံကျင်းပမှာဖြစ်ပါတယ်။ Steam တွင်ရရှိနိုင်သည့် နောက်ဆုံးပေါ်နှင့် အကောင်းမွန်ဆုံးဂိမ်းများကို စူးစမ်းလေ့လာပြီး သင့်ဂိမ်းအတွေ့အကြုံများကို နောက်တစ်ဆင့်သို့ တက်လှမ်းလိုက်ပါ။ လျှော့စျေးများနှင့် သီးသန့်အကြောင်းအရာများဖြင့်၊ ဤအရာသည် အသစ်အဆန်းနှင့် စိတ်လှုပ်ရှားဖွယ်ရာများကို စမ်းကြည့်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။

Steam Spring Sale: မတ်လ 16 – မတ်လ 23, 2023

New Seasonal Dates Official Image Steam

Steam ၏ နွေရာသီနှင့် ဆောင်းရာသီ အရောင်းပွဲများသည် ဂိမ်းကစားသူများကြားတွင် အမြဲလိုလို အကြိုက်တွေ့ခဲ့ပြီး နွေဦးရောင်းချမှုကတော့ ချွင်းချက်မဟုတ်ပါဘူး! ယခုမတ်လတွင် Steam သည် အကြီးမားဆုံးနွေဦး အရောင်းကို လက်ခံကျင်းပမှာဖြစ်ပါတယ်။ Valve သည် 2023 နွေဦးရောင်းအားသည် ၎င်းတို့၏ ဆောင်းရာသီနှင့် နွေရာသီ ပွဲများကဲ့သို့ ကြီးမားပြီး ကောင်းမွန်စွာ လက်ခံရရှိမည်ဟု ကတိပြုထားပါတယ်။ ဇန်နဝါရီလတွင် Lunar New Year အရောင်းပွဲသည် Valve ၏ ရာသီအလိုက် အရောင်းပွဲများဆိုင်ရာ အစီအစဉ်အသစ် ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စာရင်းတွင် မရှိတော့ပါ။ ယင်းအစား၊ လျှော့စျေးများ၊ သီးသန့်အကြောင်းအရာနှင့် အခြားအရာများပါရှိသော Steam Spring အရောင်းပွဲကို ကျွန်ုပ်တို့ ရရှိနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် ဂိမ်းများကို စုဆောင်းရန်၊ သင်၏ ဟာ့ဒ်ဝဲကို အဆင့်မြှင့်ရန်နှင့် ငွေအနည်းငယ် ချွေတာရန် အဆင်သင့်ဖြစ်ပါစေ!

အဲမှာ သင့်အတွက်ပါပဲ! Valve မှ အတည်ပြုထားသည့်အတိုင်း 2023 တွင် စောင့်မျှော်ရမည့် မကြာမီစတင်မယ့် အရောင်းရက်စွဲများဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ Valve အတွက် နောက်ထပ် အရောင်းရက်စွဲတွေကို ကြေညာဖို့ အချိန်အများကြီးကျန်ပါသေးတယ်၊ ဒါကြောင့် အပ်ဒိတ်မှန်သမျှကို စောင့်မျှော်ကြည့်ရှုလိုက်ပါ။ သင့်ပြက္ခဒိန်များကို အမှတ်အသားလုပ်ပြီး နောက် Steam အရောင်းအ၀ယ်ပြုလုပ်သည့်အခါတွင် သင့် wishlists များကို အဆင်သင့်ဖြစ်စေရန် သေချာပါစေ။

လာမည့် Steam အ‌ရောင်းမစတင်မီ၊ Codashop မှတစ်ဆင့် သင်၏ Steam Wallet ကို ဖြည့်ရန် မမေ့ပါနှင့်။ ကျွန်ုပ်တို့၏လွယ်ကူသော ငွေပေးချေမှုနည်းလမ်းများသည် မြန်ဆန် အဆင်ပြေစေသောကြောင့် ဂိမ်းများနှင့် အခြားအကြောင်းအရာများအတွက် သင့်အိမ်တွင် သက်တောင့်သက်သာရှိစွာဖြင့် စတင်ဝယ်ယူနိုင်ပါသည်။

BUY APP & GAME VOUCHER ONLINE

LEAVE A REPLY

Please enter your comment!
Please enter your name here