Breeze က နေကြိုဆိုလိုက်ပါတယ်။ ဒါက Patch Notes 2.08 က VALORANT Episode 2 Act III မှာ နောက်ဆုံးထွက်ထားတဲ့ ခြောက်ခုမြောက် မြေပုံဖြစ်ပါတယ်။
ဒီ Breeze Map က တော့ Bermuda Triangle ရဲ့ မြောက်ဖက်မှာရှိတဲ့ ၀ေးလန်တဲ့ ကျွန်းလေးမှာ တည်ရှိပါတယ်။ သူက တောက်ပပြီး ရောင်စုံလှတဲ့ ပတ်၀န်းကျင်မှာ မြေပြန့်တွေများလို့ အ၀ေးပစ်ကို ကြိုက်တဲ့လူတွေ အတွက်တော့ ကွက်တိပါဘဲ။ ခု မြေပုံကတော့ တစ်ခြားမြေပုံတွေနဲ့ တော်တော့ကို ကွာပါတယ်။ Caribbean ကျွန်းတွေကို အခြေခံထားတဲ့အတွက် သင်္ဘောကျင်းတွေ ဆိပ်ကမ်းတွေက မြေပုံပေါ်မှာ အဓိကနေရာယူထားပါတယ်။
ကစားသမားတွေ Battle မှာ ကစားပုံပြောင်းလည်းစေမဲ့ Features တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ကောင်းမွန်တဲ့ အဝေးပစ်နိုင်စွမ်း
- ကျယ်ပြန်သော မြေပြန့်နေရာ
- ပိုမိုကျယ်ပြန့်တဲ့ Choke Point နေရာများ
- အဓိကပိုင်နက်ထိန်းချုပ်မှု

အကျဥ်းချုပ်ပြောရရင်တော့ Breeze က တစ်ခြား မြေပုံတွေထက် တော်တော်လေးကျယ်ပါတယ်။ ဒါကြောင့် အထူးသဖြင့် Sniper သမားတွေ အတွက် Attack လုပ်တာဖြစ်ဖြစ်၊ Defense လုပ်တာဖြစ်ဖြစ် ရှုတောင့်ပေါင်းစုံကနေ ပစ်လို့ကောင်းပါလိမ့်မယ်။ Breeze က Sniper သမားတွေ အတွက်တော့ နိဗ္မာန်လိုပါဘဲ။ နောက်တစ်ခုကတော့ ဒီမြေပုံအသစ်က Split နဲ့ Ascent မြေပုံတွေထဲကလိုမျိုး ဒေါင်လိုက် Ropeway တွေနဲ့ ပိတ်ထားတဲ့တံခါးတွေပါပါတယ်။
ဒီမြေပုံထဲမှာ သစ်လွင်တဲ့ရှုခင်းတွေကို သင်ခံစားရမှာဖြစ်ပါတယ်။ Breeze ဟာ အဆုံးအစမဲ့တဲ့ သဘာဝရှုခင်းကြီးတစ်ခုပါဘဲ။ သမိုင်းဝင်အဆောက်အအုံအပျက်အယွင်းတွေနဲ့ Street Art အမိုက်စားတွေကိုတွေကို လေ့လာနိုင်မှာပါ။ ကျယ်ပြန့်တဲ့ပတ်ဝန်းကျင်မှာ အကာအကွယ်ယူဖို့အသုံးချနိင်မယ့်နေရာများစွာရှိတဲ့အတွက် ကစားသမားများအနေနဲ့ သေချာအသုံးချသင့်တာပေါ့။
Breeze မှာ အဓိက နေရာ နှစ်ခုရှိပါတယ်။ ဟောင်းနွင်းပျက်ဆီးနေတဲ့ တပ်ဟောင်းကြီး နဲ့ အပူပိုင်းဒေသ ကမ်းခြေပါဘဲ။ ဒီပုံလေးတွေကို ကြည့်ပြီး အပူပိုင်းဒေသ တိုက်ပွဲအတွေ့အကြုံကို ခံစားလိုက်ပါ။





Codashop နဲ့ သင့်ရဲ့ VALORANT Points တွေ ကိုတွေဖြည့်ပြီး သင့်အတွက် သေနက် Skin တွေကို ၀ယ်ဖို့ မမေ့နဲ့အုန်းနော်။ ပိုမိုမြန်ဆန် စိတ်ချရပြီး ငွေပေးချေမှု မျိုးစုံကို ရွေးချယ်နိုင်ဖို့ အာမခံပါတယ်။